၂၀၁၆ ခုနှစ် နှင့် ဘုရားသခင်၏ အကြံအစည်တော်

Alive In Christ Faith Stock Photos

“နှစ် ဟောင်းအကုန် နှစ်သစ်အကူး” အေးချမ်းလှတဲ့ ဆောင်းညမှာ  မိမိအသက်တာကို ဆက်ကပ်
ဆုတောင်းနေကြသော GHBCF အသင်းသူ/သားများ နှင့်အတူ လွန်ခဲ့သော အချိန်ကာလ အပြစ်သားဘဝ အာဒံ အဖြစ် မှ လူသစ် ဘဝ အာဒံ ဖြစ်စေခဲ့သော သခင်ဘုရားကို နှလုံသားထဲမှ လေးနက်စွာကျေးဇူး
တင်နေမိရင်း ယ္ခုနှစ်သစ် အသက်တာ မှာ ဘုရားသ္ခင်အကြံအစည် နှင့် အသက်ရှင်ရန် ဆင်ခြင်နေမိပါ
တယ်။ကျွန်တော်တို့ယုံကြည်သူအတွက်ဘုရားသခင်၏ အကြံအစည်သည် အမှန်တကယ်ရှိတော်မူပါသည်။ ပထမဦးစွာဘုရားသခင်အလိုတော်၌ အကြံအစည်သည်ပါဝင်နေပါသည်။
 

ရောမသြဝါဒစာ ၁၂:၂တွင် ရှင်ပေါလုက

 “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သော အရာ၊ နှစ်သက်ဘွယ်သော အရာ၊ စုံလင်သော  အရာဟူတည်းဟူသော  ဘုရားသခင် အလိုတော်ရှိသော အရာသည် အဘယ်အရာ ဖြစ်သည်ကို

သင်နိုင်မည်အကြောင်း၊ စိတ်နှလုံး ကို အသင့်ပြင်ဆင်၍  ပုံသဏ္ဌာန်ပြောင်းလဲခြင်း သို့  ရောက်ကြလော့။ “

 

ထိုကျမ်းပိုဒ်၌ ဘုရားသခင်၏ အလိုတော်ကို “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ ၊ စုံလင်သောအရာ” အဆင့်၃ ဆင့်ဖြင့်ဖေါ်ပြထားပါသည်။ ဘုရားသခင်၏အလိုတော်ကိုဦးစွာသိမြင်သောအခါ ကောင်းမြတ်

ကြောင်း တွေ့မြင်ရပါသည်။ တစ်ဆက်တည်းမှာပင် ကိုယ်တော်၏ အလိုတော်သည် နှစ်သက်ဖွယ် (သို့) လက်ခံဖွယ် ကောင်းသည်ဟု သိလာပါသည်။ ပို၍သိမြင်လေ ၊ ပို၍ပိုက်ထွေးလိုစိတ် ရှိလေဖြစ်လာပါသည်။ နောက်ဆုံးတွင် အသိအာရုံထဲ၌နစ်၍ ကိုယ်တော်ဘုရား၏ အလိုတော်အားဖြင့် ပြည့်စုံကြွယ်ဝလာပါတော့သည်။ဘုရားသ

ခင်၏အလိုတော်သည် ကျွန်တော်၏ အသက်တာအလုံးစုံကိုလွှမ်းခြုံလာပါတော့သည်။

ဘုရားသခင်၏ အလိုတော်ကိုရှာတွေ့နိုင်ရန်  ချွင်းချက်မပါပဲ မိမိကိုယ်ကို ဘုရားသခင်အား ဆက်ကပ်ပြီး (ရောမ၁၂:၁) ၊ ဒုတိယခြေလှမ်းမှာ ဘုရားသခင်အကြံအစည်အတိုင်း စဉ်းစားဆင်ခြင်တတ်ရန်ဖြစ်ပါသည်။ ရှင်ပေါလု၏အဆိုအရ စိတ်နှလုံးကို အသစ်ပြင်ဆင်ရန်ဖြစ်ပါသည်။ ကျွန်တော်တို့၏ အတွေးအခေါ်၊ အမြော်
အမြင်၊ အဆင့်အတန်းနှင့် ဦးစားပေးသောအရာများကို ပြောင်းလဲပစ်ရန်ဖြစ်ပါသည်။ထိုကဲ့သို့ မိမိစိတ်နှလုံးအား အသစ်ပြင်ဆင်ခြင်းဖြင့် ဘုရားသခင်၏ အ
လိုတော်ကိုသိမြင်လာမည်ဖြစ်ပါသည်။

 
ကျွန်တော်တို့အတွက် ပြည့်စုံကြွယ်ဝစေရန်ဘုရားသခင် အလိုတော်ရှိသော်လည်း ကျွန်တော်၏ အသက်တာ၌ငွေကြေး ကျပ်တည်းခြင်း ခဏခဏကြုံတွေ့ရပါ
သည်။ ဘုရားသခင်၏အကြံအစည်နှင့်  ဖေါ်ပြသော အရာမှာ ဘုရားသခင်ကိုသာရှေ့တန်းတင်ဦးစားပေးခြင်း နှင့် ပေးကမ်းခြင်း၌ အားနည်းခြင်းဖြစ်ပါသည်။

  သုတ္တံ ဆရာက (သုတ္တံ၃:၉-၁၀)တွင်”သင်သည် ကိုဥစ္စာနှင့် အဦးသီးသော  အသီးအနှံရှိသမျှကို ထာဝရ ဘုရားအား ပူဇော်လော့။သို့ ပြုလျှင်၊ သင်၏ စပါးကျီတို့သည် ကြွယ်ဝ၍ ၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့်မည်။”

 ဟု နှုတ်ကပါတ်တော်မှ  ဦးစွာရရှိသော ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံးအရာများကို ဘုရားသခင်အတွက်ချီးမွမ်းပူဇော်ခြင်းဖြင့် ကြွယ်ဝပြည့်လျှံ
သောကောင်းကြီးမင်္ဂလာခံစားရမည်ဖြစ်ပါသည်။ ဆက်လက်၍  နှုတ်ကပါတ်တော်မှဖေါ်ပြသည်မှာ ပေးကမ်းခြင်းသည် ရယူခြင်း၏သော့ချက်ဖြစ်သည် ဟုဖေါ်ပြ

သော်လည်း ကျွန်တော်၏ ဇာတိစိတ်က ပေးကမ်းစွန့်ကြဲဖို့ရန် ငါမတတ်နိုင်ဟု  အမြဲ ငြင်းဆိုမိပါသည်။

သခင် ယေရှု့ဘုရားက (ရှင်လုကာ၆:၃၈)တွင်”သူတပါးအားပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊

 လှုပ်လျက်၊ လျှံလျက် ရှိခြင်း နှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။”

ရှေးဦးစွာဘာလုပ်သလဲ။ ရယူသလား ။သို့မဟုတ် ပေးကမ်းသလား။ ကျွန်တော်ဘာလုပ်လဲ။ ကိုယ့်ကိုကိုယ် ပြန်မေးနေမိပါသည်။ ဘုရားသခင်အားပေးလျင်ဘုရားသခင်ကသူတစ်ပါးအား ကျွန်ုပ်တို့ကို ပြန်ပေးစေပါမည်။

ကိုယ်တော်ဘုရားက အကြင်ချိန်တင်းပမာဏနှင့် သူတစ်ပါးအားပေး၏။ ထိုပမာဏ အတိုင်း ကိုယ်ခံရမည်။

ရက်ရောစွာရလိုလျှင် သူတစ်ပါးအားရက်ရောစွာပေးကမ်းရမည် ဟုရှင်းလင်းစွာ သွန်သင်ထားပါသည်။ အဓိကသော့ချက်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို တုန့်ပြန်သော ယုံကြည်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့၏ အသက်တာတွင် အရာရာ၌ ဘုရားသခင်အား အဦးဆုံးနေရာထားရှိကာ အသစ်သောအသက်တာဖြင့် ဆက်ကပ်ပူဇော်လျက် သူတပါးအားရက်ရောစွာပေးကမ်းလှုဒါန်းမည်ဟု အတွင်းနှလုံးသားထဲမှ သစ္စာပြုနေရင်း ……၂၀၁၆ ခုနှစ် ၁ရက်နေ့ နှစ်ဦးအစဝတ်ပြုကိုးကွယ်ခြင်း အဆုံးပိတ်သီချင်းသံနှင့်အတူ ကိုယ်တော်ဘုရားထံ အပ်နှံကာ ဆန္ဒပြုနေမိပါသည်။။

“xxxx  ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်xxxx

xxxxxရှိသမျှကို ကိုယ်တော်လက်သို့ကျွန်ုပ်သည်အပ်မည်xxxxxx။

အမှု့တော်မြတ်၌

David Min Min