နှစ်ခြင်းမင်္ဂလာ

Simple Baptism Scene green river

“နှစ်ခြင်းမင်္ဂလာနှင့်ပတ်သက်၍ ယနေ့အသင်းတော်များတွင် ကွဲပြားမှားယွင်းသော ခံယူချက်များနှင့် ကျင့်သုံးမှုများ ရှိနေပါသည်။ ထို့ကြောင့် နှစ်ခြင်းမင်္ဂလာ၏ အနက်အဓိပ္ဗါယ်မှန်ကို သမ္မာကျမ်းစာတွင် အဖြေရှာရန် လိုအပ်ပါသည်။ သို့မှသာ အမှားကိုပြင်ပြီး အမှန်ကိုစောင့်ထိန်းနိုင်မည်ဖြစ်ပါသည်။” နှစ်ခြင်းမင်္ဂလာနှင့် ပတ်သက်၍ မှားယွင်းသောအယူအဆများ၊ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ကယ်တင်ခြင်းရရှိဘို့ရန်အတွက် မဟုတ်ပါ၊ ပွဲတော်စားနိုင်ခွင့် လက်မှတ်လည်း မဟုတ်ပါ၊ လက်ထပ်ထိန်းမြားမင်္ဂ လာပြုရန် ခွင့်ပြုချက်လည်း မဟုတ်ပါ၊ အသင်းဝင်ခွင့် ထောက်ခံစာလည်း မဟုတ်ပါ၊ ယုံကြည်သူတို့၏ ဝိညာဉ်ရင့်ကျက်မှုအသက်တာကို အာမခံချက်ပေးခြင်းလည်း မဟုတ်ပါ။

ဒါဆိုရင် နှစ်ခြင်းမင်္ဂလာရဲ့ အနက်အဓိပ္ဗါယ်ဟာ ဘာလဲ။ နှစ်ခြင်းမင်္ဂလာခံယူခြင်းဆိုသည်မှာ – ရေထဲနှစ်ခြင်းခံသည့်အခါ ခရစ်တော်နှင့်အတူ အသေခံခြင်းနှင့်သင်္ဂြိုဟ်ခြင်းကို ဖေါ်ဆောင်ပြီး၊ ရေထဲမှထွက်ပေါ်လာသည့်အခါ
ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ပြီဖြစ်ကြောင်း ပုံဆောင်ပါတယ် (ရောမ ၆း၃-၅)။ ထို့ကြောင့် နှစ်ခြင်းမင်္ဂလာက ခရစ်တော်၏ သေခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခြင်းဖြစ်ပါ
သည်။ ဤအချက်ကိုထောက်ခြင်းအားဖြင့်၊ နှစ်ခြင်းမင်္ဂလာသည် ကယ်တင်ခြင်းအတွက်မဟုတ်ဘဲ၊
 
ကယ်တင်ခြင်းစိတ်ချမှုရှိပြီးသူများ ပြုရမည့်မင်္ဂလာဝဋ် ဖြစ်ကြောင်း သိရှိရပါသည်။ ဒီလိုဆိုရင် ကယ်တင်ခြင်းရဘို့ရန် ဘာလုပ်ရမလဲ။

ကယ်တင်ခြင်းဆိုသည်မှာ – ယုံကြည်သောအာဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏ဟု တမန်တော်ပေါလုက ဧဖက် ၂း၈ တွင်ဖေါ်ပြထားပါ

သည်။ ဒါဆိုရင် ကယ်တင်ခြင်းကို ဘယ်လိုလက်ခံရရှိနိုင်မလဲ။

၁။ ဘုရားသခင်၏ အနိုင်းမဲ့မေတ္တာကို နားလည်သဘောပေါက်ရမည်။ ဘုရားသခင်၏သားတော်
ယေရှုကို ယုံကြည်သောသူတိုင်း၊ ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူ

သည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏(ယောဟန် ၃း၁၆)။

၂။ မိမိကိုယ်ကိုမိမိ အပြစ်သားဖြစ်ကြောင်း ဝန်ခံရမည် (ရောမ ၃း၁၀၊၂၃)။

၃။ အပြစ်၏အဖိုးအခကား သေခြင်း၊ သို့သော် ဘုရားပေးသော လက်ဆောင်ကား ထာဝရအသက်ဖြစ်ကြောင်း သိရှိနားလည်ရမည် (ရောမ ၆း၂၃)။

၎။ ကယ်တင်ခြင်းသည် မိမိ၏ ကောင်းမှုကြောင့်မဟုတ်၊ ဘုရားသခင်၏သနားတော်မူရာ ကျေးဇူးတော်ကြောင့် သာ ဖြစ်ကြောင်း နုားလည်သိရှိရမည်
(ဧဖက် ၂း၈-၉ )။

၅။ အပြစ်မှ နောင်တရ၍ ယေရှုခရစ်တော်ကို အကြွင်းမဲ့ယုံကြည် ရမည် (တမနိတော် ၂း၃၇-၃၈)။

၆။ သခင်ယေရှုကို မိမိ၏အသက်သခင်ဖြစ်သည်ဟု နုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ပြန်ရှင်စေတော်မူပြီဟု စိတ်နှလုံးထဲမှ ယုံကြည်လျင်
ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု တမန်တော်ပေါလု ပြောခဲ့ပါသည် (ရောမ ၁၀း၉)။ ထို့ကြောင့် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်သာ လျင် ကယ်

တင်ခြင်းရရှိနိုင်ကြောင်း သမ္မာကျမ်းစာက အသိအလင်းဖေါ်ပြထားပါသည်။
ကယ်တင်ခြင်းရပြီးလျှင် နှစ်ခြင်းခံရန်လိုအပ်ပါသေးသလား။ ကယ်တင်ခြင်းရပြီးသူတိုင်း နှစ်ခြင်းမဂ်လာခံယူရန် အထူးလိုအပ်ပါသည်။ ဤမဂ်လာဝဋ်သည်
ယေရှုခရစ်တော်၏မဟာစေခိုင်းခြင်းအ မိန့်တော်ဖြစ်သည်။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်ရမည် (မာကု ၁၆း၁၆)။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့ (မသဲ ၂၈း၁၉ )။
ဓမ္မသစ်ကျမ်းမှ ယုံကြည်သူများ၏ နှစ်ခြင်းမင်္ဂလာ ခံယူခြင်း ဥပမာအချို့ များ – ၁။ ပင်တီကုပ်နေ့မှ လူအယောက် ၃၀၀၀ နှစ်ခြင်းမင်္ဂလာခံခြင်း (တမန်တော် ၂း၄၁) ၂။ ဖိလိပ္ဗုသည် ယုံကြည်သူရှမာရိများကို ဗတ္တိဇံပေးခြင်း (တမန်တော် ၈း၁၂-၁၃) ၂။ ဖိလိပ္ဗုက အမတ်တဦးကို ယုံကြည်သောကြောင့် နှစ်ခြင်းပေးခြင်း
(တမန်တော် ၈း၃၆-၃၇) ၃။ ပေတရုက ရောမတပ်မူးကောနေလိနှင့်အိမ်သူအိမ်သား များကို နှစ်ခြင်းပေးခြင်း (တမန်တော် ၁၀း၄၇-၄၈) ၄။ တမန်တော်ပေါလုက ဖိလိပ္ဗုထောင်မူးနှင့်သူ့အိမ်သူအိမ်သားများကို နှစ်ခြင်းပေးခြင်း (တမန်တော် ၁၆း၃၁-၃၃) အချုပ်အားဖြင့်ဆိုသော် နှစ်ခြင်းမင်္ဂလာ ခံယူရမည့်သူသည် မိမိကိုယ်တိုင် ယေရှုခရစ်ကို မိမိအသက်သခင်အဖြင့် ဝန်ခံရဲသောစိတ်ရှိပြီး၊ ကယ်တင်ခြင်းစိတ်ချမှု (သို့မဟုတ်) ဒုတိယမွေးဖွါးခြင်းကို ခံယူပြီးသူ ဖြစ်ရမည်။ နှစ်ခြင်းမင်္ဂလာကို သုံးပါးတဆူထာဝရဘုရား၏နာမတော်အားဖြင့် ရေထဲတွင် နှစ်ခြင်းမင်္ဂလာကို ခံယူရမည်။ ဤကဲ့သို့သော မင်္ဂလာ ဝဋ်သည် သမ္မာကျမ်းစာကို အခြေခံသော
ယုံကြည်သူများ၏ နှစ်ခြင်းမင်္ဂလာ ဖြစ်သည်။
ကလေးငယ်များကို ဖြန်းခြင်းဖြင့် နှစ်ခြင်းမင်္ဂလာပေးခြင်းသည် သမ္မာကျမ်းစာနဲ့ ကိုက်ညီပါသလား။ နှစ်ခြင်း၏မူလစကာလုံးသည် ဂရိတ်ဘာသာစကား “BAPTIZO” ဖြစ်ပြီး၊ အဓိပ္ဗါယ်မှာ အထဲမှာ နှစ်ခြင်း (သို့မဟုတ်) အောက်သို့နှစ်စေခြင်း ဟူ၍ အဓိပ္ဗါယ် ရှိပါသည်။ ယေရှုခရစ်တော် ကိုယ်တိုင်လည်း ယော်ဒန်မြစ်မှာ နှစ်ခြင်းဆရာယောဟန်အားဖြင့် နှစ်ခြင်းမင်္ဂလာ ခံယူခဲ့ပါသည်။ ထိုနှစ်ခြင်းမှာ တကိုယ်လုံး နှစ်ခြင်းဖြစ်ကြောင်း ရှင်မသဲရှင်းလင်းစွာ ဖေါ်ပြခဲ့ပါသည်
(မဿဲ ၃း၁၆)။ ကလေးငယ်များ ရေဖြန်းနှစ်ခြင်းပေးခြင်း ပေါ်ပေါက်လာပုံသမိုင်းအကျင်းချူပ် – တမန်တော်ခေတ်မှ ကောင်စတန်တင်နိုပယ်မင်း လက်ထက်ထိ
(အေဒီ ၃၂-၃၀၀)၊ အသင်းတော်များသည် နှစ်ခြင်းမင်္ဂလာကို မိမိ၏ယုံကြည်ခြင်းကို ဝန်ခံဖေါ်ထုပ်နိုင်သော အသိတရားရှိသော အရွယ်ရောက်ပြီးသူ ယုကြည်သူများကို ရေထဲမှာ ခန္ဒာကိုယ် တခုလုံးကို နှစ်ခြင်းဖြင့် ဗတ္တိဇံကို ပေးခဲ့ကြပါသည်။ သို့သော် အသင်းတော်ဖခင်ကြီးဖြစ်သော Tertullian နှင့် St. Augustine တို့၏
ပြောင်းလဲလာသော သွန်သင်မှုနှင့် တိုက်တွန်းလှုန့်ဆော်မှုကြောင့် အေဒီ ၄၁၈ ခုနှစ်တွင် Carthage မြို့ဍ်ကျင်းပသော အသင်းတော်များကောင်စီ
(Council of Carthage) က ကလေးငယ်များ ရေဖြန်းနှစ်ခြင်းမင်္ဂလာ ပေးခြင်းကို အတည်ပြုလက်ခံပြီး၊ အသင်းတော်များတွင် စတင်ကျင့်သုံးလာခြင်းဖြစ်သည်။
 
အဓိကအကြောင်းရင်း (၃) ခုမှာ – မွေးခါစကလေးငယ်များတွင် အာဒမ်၏အပြစ်ပါလာသည်ဖြစ်၍၊ ထိုအပြစ်ကို နှစ်ခြင်းမင်္ဂလာပေးခြင်းက ဆေးကြောပေးနိုင်သည်ဟုယူဆရခြင်း၊ ဒုတိယအချက် အနေနှင့် ကျမ်းစာ၌ အိမ်သူအိမ်သားများအားလုံး ဗတ္တိဇံခံကြသည်ဆိုရာ၌ ကလေးငယ်များပါသည်ဟု ယူဆခြင်း၊
တတိယအချက်အနေနဲ့ ဘုရားသခင်၏ကျေးဇူးတော်သည် လူတိုင်းအတွက်ဖြစ်သည်ဟူသော ယူဆချက်များကြောင့် ဖြစ်သည်။ နှစ်ခြင်းမင်္ဂလာနှင့်ပတ်သက်၍ ဘာမှနားမလည်သေးသော ကလေးငယ်များကို၎င်း၊ လူကြီးများကို၎င်း၊ ရေဖြန်းခြင်းဖြင့် နှစ်ခြင်းမဂ်လာပေးခြင်းသည် ပြောင်းလဲနေသောခေတ်ကါလ အခြေ
အနေနှင့် လိုက်လျောညီထွေမှုရှိအောင် သမ္မာကျမ်းစာကို ပြန်လည်အနက်ဖွင့်ခြင်းသာ ဖြစ်ပြီး၊ ကနဦးအသင်းတော်၏ ကျင့်စဉ်များမဟုတ်ကြောင်း မေတ္တာနှင့်
တင်ပြအပ်ပါသည်။
 

သိက္ခါတော်ရ ဆရာထောင်ခိုလွန်း