
မဟာဟြူစတန် မြန်မာခရစ်ယာန် မိဿဟာယ အသင်းတော်ကို ၁၁ နှစ်တာ ကာလအတွင်း ကွယ်ကာစောင်မ ပို့ဆောင်တော်မူသော ထာဝရဘုရား၏ နာမတော်ကို ဦးစွာပထမ ချီးမွမ်းပါတယ်။ အသင်းတော် ရပ်တည်နိုင်ဘို့ရန်နဲ့တိုးတက်ဘို့ရန် နေရာကဏ္ဍအသီးသီးမှ ပါဝင်ဆက်ကပ်ခဲ့ကြသော အသင်းတော် ခေါင်းဆောင်များနှင့် အသင်းသူအသင်းသားများ အားလုံးအပေါ် ထာဝရဘုရားသခင်ထံမှ ကြွယ်ဝသော ကောင်းချီးမင်္ဂလာ အဖျာဖျာ ကျရောက် ပါစေသော်။
သမ္မာကျမ်းစာထဲမှပါရှိသော နံပါတ်များတွင် အဓိပ္ဗါယ် အသီးသီးရှိကြသည်။ ဥပမာ – နံပါတ် ၁၀ နှင့် ၁၂ သည် ပြည့်စုံခြင်းကို ဆိုလိုသည်။ နံပါတ် ၁၀ နှင့် ၁၂ ကြားတွင်ရှိနေသော နံပါတ် ၁၁ မှာမူ ဆန့်ကျင်ဘက် အဓိပ္ဗါယ်ရှိပြီး၊ မပြည့်မစုံဖြစ်ခြင်း စနစ်မကျခြင်း တရားစီရင်ခြင်း စသည့် အဓိပ္ပယ်များကို ဖော်ဆောင်ပါ
သည်။
တနည်းအားဖြင့် ပြောရလျင် မပြည့်စုံသောအရာဟု ဆိုလိုပါသည်။ ဤအချက်က GHBCF ၏မပြည့်စုံသေးသော ခရီးစဉ်ကို ဖေါ်ပြနေပါသည်။နံပါတ် ၁၁ နဲ့ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် စိတ်ဝင်စားဘွယ် အကြောင်းအရာအချို့ တွေ့ရှိရပါသည်။ ၎င်းတို့မှာ (၁) ရှင်ယောဟန်သည် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းနှင့် ပါတ်သက်၍ အချက် ၁၁ ချက်ကို ရူပါရုံမြင်ခဲ့ပါသည် (ဗျာဒိတ် ၂၀း၁၂-၁၄)။ (၂) ဓမ္မဟောင်းကို လုံးဝကိုးကားဖေါ်ပြခြင်းမရှိသော ဓမ္မသစ်ကျမ်း ၁၁ ခုရှိပါသည်။ ၎င်းတို့မှာ – ဖိလိပ္ဗိဖ၊ ကော်လော်သဲ၊ သက်သာလောနိတ် ၁ နှငိ့ ၂၊ တိတု၊ ဖိလိမွန်၊ ၁ ယော၊ ၂ ယော၊ ၃ ယော၊ ယုဒ၊ နှင့် ဗျာဒိတ်ကျမ်းတို့ ဖြစ်ကြသည်။
GHBCF အသင်းတော်သည် မိမိ၏ ၁၁ နှစ်တာခရီးတွင်မရေတွက်နိုင်သော ကောင်ချီးမင်္ဂလာကို ဘုရားသခင်ထံမှ ခံစားခဲ့ပါသည်။ သို့သော် ယနေ့တိုင်အောင် အားနည်းချက်များစွာနှင့် ခရီးဆက်နေဆဲဖြစ်ပါသည်။ ထို့ကြောင့် GHBCF ၏လိုအပ်ချက်များကိုသိရှိဖြည့်ဆည်း ပေးနိုင်ဘို့ရန်အတွက် အဓိကလိုအပ်ချက်တ
ခုဖြစ်သော စည်းလုံးညီညွတ်ခြင်းဆိုင်ရာ TEAM WORK ခေါ်အဖွဲ့စုလုပ်ငန်းအကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။
အသင်းတော်၏အမှုတော်လုပ်ငန်းကိုတဦးတယောက်တည်းနဲ့ဆောင်ရွက်လို့မရပါ။ယုံကြည်သူအားလုံးပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါသည်။ ထို့ကြောင့်အသင်းတော်၏ အမှုတော် လုပ်ငန်းကို မိသားစုစိတ်ဓါတ်နှင့် စုပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။
အတွေ့အကြုံရင့်ကျက်သော ဥယာဉ်မူးသည် ကောင်းသောကောက်ပဲသီးနှံ ရရှိရန်အတွက် ကောင်းသောမြေရှိဘို့ အရေးကြီးကြောင်း သိနားလည်ပါသည်။
ထို့ကြောင့် ဥယာဉ်မူးသည် မြေသြဇာကောင်းသောမြေကို ဖန်တီးရန်အတွက်၊ မြေကိုထွန်ယက်ခြင်း၊ မြေသြဇာထည့်ခြင်း၊ ရေလောင်းပေးခြင်း၊ ပေါင်း
ထွင်ပေးခြင်းနှင့်စိတ်ရှည်စွာစောင့်မျော်နေခြင်းများကို ပြုလုပ်ရသည်။
အသင်းတော်လုပ်ငန်းသည်လည်းထိုနည်းတူပင် ဖြစ်သည်။ ကျန်းမာတိုးတက်သောအသင်းတော်တစ်ပါး တည်ထောင်နိုင်ဘို့ရန်အတွက် ကောင်းသောမြေတည်းဟူသော စည်လုံးညီညွတ်သော အဖွဲ့စုလုပ်ငန်းကို တည်ဆောက်ဖို့ လိုအပ်ပါသည်။ ထိုသို့သော အဖွဲ့အစည်းကို အင်္ဂလိပ်လို Team Work ဟုလည်းခေါ်ပါသည်။ စည်းလုံးညီညွတ်သော အဖွဲ့စုလုပ်ငန်းကိုတည်ဆောက်နိုင်ဘို့ရန်အတွက် ခေါင်းဆောင်များသည် ယုံကြည်ခြင်းအားကြီးဘို့ရန် လိုအပ်သလို၊ ဝိညာဉ်အသက်တာ ရင့်ကျက်ခြင်းနဲ့ဆိုင်သော ယုံကြည်သူအချင်းချင်း ဆက်ဆံရေးဆိုင်ရာ အချက် (၄) ချက် အရေးကြီးကြောင်းကိုလည်း သိရှိအပ်ပါသည်။ ထိုအချက်များမှာ – အချင်း
ချင်း ရင်းနှီးဖေါ်ရွေစွာ အပြန်အလှန် ဆက်ဆံပြောဆိုမှုရှိခြင်း (interaction)၊ တဦးအပေါ်တဦး သြဇာလွမ်းမိုးမှုရှိခြင်း (influence)၊ မိမိကိုယ်ကိုမိမိ ထိန်းချုပ်
နိုင်ခြင်း (self-control) နှင့်၊ တဦးအပေါ်တဦး ယုံကြည်စိတ်ချမှုရှိခြင်း (trust) စသည်တို့ဖြစ်ပါသည်။
The first “seed” of teamwork is interaction. (မိသားစုစိတ်ဓါတ်ရှိသော အဖွဲ့စုလုပ်ငန်း၏ ပထမ မျိုးစေ့သည် အချင်းချင်း ဖေါ်ရွေစွာ အပြန်အလှန်
တုန့်ပြန်ပြောဆိုနိုင်မှုရှိခြင်း ပင်ဖြစ်သည်)။ လုပ်ငန်းနဲ့ပတ်သက်၍ တဦးနှင့်တဦး ပွင့်ပွင့်လင်းလင်း အမြင်ခြင်းဖလှယ်ခြင်း၊ အသင်းသားများ တယောက်နှင့်
တယောက် ခင်မင်ရင်းနှီးပြီး၊ တူညီသော ယုံကြည်ခံယူချက်များ၊စိတ်ခံစားချက်များ၊ ပျော်ရွှင်စရာနှင့်ဝမ်းနဲစရာ စိတ်ခံစားမှုများ၊ စိတ်ရှုပ်ထွေးမှုများနှင့် ပြဿသာနာများကိုခင်မင်ရင်းနီးစွာ ဝေငှဆွေးနွေးခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။
Openness to influence is a second seed of fertile teamwork. တဦးအပေါ်တဦး သြဇာလွမ်းမိုးခြင်းကို လက်ခံနိုင်ခြင်းသည် အဖွဲ့စုလုပ်ငန်းအောင်မြင်မှု၏ ဒုတိယ မျိုးစေ့ ဖြစ်သည်။ အသင်းသားများသည် တူညီသော ရူပါရုံနှင့်ရည်မှန်းချက်ပန်းတိုင်များ ရှိလာသောအခါ၊ မိမိတို့ အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်
ရောက်ရှိနိုင်ဖို့ရန်အတွက်သော်၎င်း၊ မိမိတို့အဖွဲ့အစီး၏ ဂုဏ်သိက္ခာ ထိမ်းသိမ်းဘို့ရန်အတွက်သော်၎င်း၊ လုပ်ငန်းအပေါ်ဝေဖန်သုံးသပ်မှုများ ပြုလုပ်နိုင်ဘို့ရန်
အတွက်သော်၎င်း အချင်းချင်း တဦးအပေါ်တဦး သြဇာလွမ်းမိုးခြင်းကို လက်ခံလာကြသည်။ ဤသို့ဖြင့် အဖွဲ့စုလုပ်ငန်းကို အောင်အောင်မြင်မြင် ထမ်းဆောင်
နိုင်ကြပါသည်။
The third seed to germinate is that of self-control. ညီညွတ်သောအဖွဲ့စုလုပ်ငန်းအတွက် လိုအပ်သော တတိယ မျိုးစေ့မှာ မိမိကိုယ်ကိုမိမိ ထိမ်းချုပ်နိုင်ခြင်း (သို့မဟုတ်) ချုပ်တည်းနိုင်ခြင်းပင် ဖြစ်သည်။ အသင်းသားများသည် တဦးအပေါ်တဦး သြဇာလွမ်းမိုးနိုင်သောအခါ၊ အသင်းတော်၏ ရည်မှန်းချက် ပန်းတိုင်များကို မိမိ၏ကိုယ်ပိုင် ပန်းတိုင်ကဲ့သို့ခံယူလာပြီး၊ ထိုရည်မှန်းချက် ပန်းတိုင်များသို့ ချီတက်နိုင်ဘို့ရန်အတွက်၊ မိမိကိုယ်ကိုမိမိ စည်းကမ်းချမှတ်ခြင်းများ ပြုလုပ် လာပါသည်။ ထိုသို့ စည်းကမ်းရှိရှိ အသက်ရှင်လာခြင်းအားဖြင့် မိမိတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းရှိလာပါသည်။
The teamwork cycle is completed with a fourth seed, that of trust. ညီညွတ်သော အဖွဲ့စုလုပ်ငန်းတခု အပြည့်အဝဖေါ်ဆောင်နိုင်ဖို့ရန်အတွက် လိုအပ်သော စတုတ္ထ မျိုးစေ့မှာ တဦးအပေါ်တဦး ယုံကြည်စိတ်ချမှု ရှိခြင်းပင် ဖြစ်ပါသည်။ အဖွဲ့စုလုပ်ငန်းတွင် ပါဝင်လာသောသူ တဦးသည် မိမိ၏လုပ်ဖေါ်ဆောင်ဖက်များ၏အရေးကို ထောက်ရှုပြီး၊ မိမိကိုယ်ကိုမိမိ စည်းကမ်းတကျနဲ့ နေထိုင်လာသောအခါ၊ တဦးအပေါ်တဦး ယုံကြည်စိတ်ချမှု လွယ်လွယ် ကူကူ ထားလာနိုင်ပြီး၊
အချင်းချင်းလည်း ထောက်ခံအားပေးမှုနှင့်ကုညီပန့်ပိုးမှုများ ပြုလုပ်နိုင်သော ဝိညာဉ်ရင့်ကျက်ခြင်း အသက်တာကိုလည်း ခံစားရှိလာကြပါသည်။
ဤကဲ့သို့သော မိသားစုစိတ်ဓါတ်ဆန်သည့် အမှုတော်လုပ်ငန်းသဘောကို၎င်း၊ ခရစ်တော်၏ ခန္ဓကိုယ်ဖြစ်သော အသင်းတော်၏ ရပ်တည်ချက်နှင့် ယုံကြည်သူများ၏ တာဝန်ဝတ္တရားများကို တမန်တော် ပေါလုက ၁ ကော ၁၂း၁၂-၃၁ တွင် အကျယ်တဝင့် ရှင်းရှင်းလင်းလင်း ဖေါ်ပြခဲ့ပါသည်။ ထိုနည်းတူစွာ ရောမသြဝါဒစာ ၁၂း၁-၈ တွင်လည်း ယုံကြည်သုများ၏ ပူးပေါင်း ဆောင်ရွက်မှု သဘောတရားကို ဟောကြားသက်သေခံခဲ့ပါသည်။ GHBCF အသင်းသူ အသင်းသားများသည်လည်း ဤသမ္မာကျမ်းစာ၏သွန်သင်မှုအတိုင်း ခရစ်တော်၏ ခန္ဓာကိုယ်တည်းဟူသော GHBCF အသင်းတော်၏ အမှုတော်မြတ်ဍ် တလုံးတဝတည်း ဆက်ကပ်
ပါဝင်ကြပါစို့လို့ ဤဆောင်ပါးအားဖြင့် တိုက်တွန်းနိုးဆော်အပ်ပါသည်။
အမှုတော်မြတ်ဍ် – ဆရာထေါင်း (သင်းအုပ်ဆရာ)