သက်သေခံချက်

God's Word Religious Stock Images

“မင်္ဂလာပါရှင်။ ကျွန်မ တင်သူဇာမောင်ပါ။ ယခုလို ဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကို သက်သေခံဖို့
ရန်အတွက် ဤအချိန်နာရီ အခွင့်အခါကောင်းကိုပြင်ဆင်ပေးတဲ့ ဘုရားသခင်ကို အထူးပဲကျေးဇူးတင်ရှိပါ
တယ်။ အဖဘုရားသခင်ရဲ့ဘုန်းတော် ပိုမိုသာ၍ကြီးမြတ်ပါစေ။”
ကျွန်မကငယ်စဉ်တုန်းကထဲက ဘုရားသခင်တည်ရှိနေတာကို ကျွန်မရဲ့မိဘ တွေကနေမှ တဆင့်သိရှိခဲ့ရပါတယ်။ သူကကျွန်မကိုဖန်ဆင်းတယ်။ ဒီကမ္ဘာပေါ်မှာရှိတဲ့သက်ရှိ၊ သက်မဲ့ အရာအားလုံးကို သူဖန်ဆင်းတယ်၊ သူအုပ်စိုးတယ်၊ သူပိုင်ဆိုင်တယ်ဆိုပြီးတော့ဘုရားသခင်အကြောင်းကိုစတင်သိရှိခဲ့ရပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် ကျွန်မအရွယ်ရောက် လာတဲ့အခါမှာဘုရားသခင်ကျွန်မတို့အတွက်နေ့စဉ်လိုက်နာရမည့်စည်းကမ်းချက်တွေ၊ ရှောင်ကျဉ်ရမယ့်စည်းကမ်းချက်ေ

တွ၊ ပူဇော်ပသရမည့်စည်းကမ်းချက်တွေ၊ ဘယ်လိုကိုးကွယ်ရမလဲဆိုတဲ့ နည်းဥပဒေသတွေကို နားလည်တတ်ကျွမ်းတဲ့ ဆရာတွေကနေမှတစ်ဖန် သိခဲ့ရပါတယ်။



“ကားတိုင်ပေါ်မှာ ခရစ်တော်ပြုခဲ့သောအမှု”

Gospel Cross Stock Photo

“ကားတိုင်ပေါ်မှာ ခရစ်တော်ပြုခဲ့သောအမှု ဟူမူကား”

လက်ဝါးကားတိုင်သည် ရာဇဝတ်သားများအား သေဒဏ်ပေးသည့်အခါ အသုံးပြုသော အရာဖြစ်ပါသည်။ သို့သော် လောကီသားများ အပြစ်ဖြေလွတ်ခြင်း ရရှိဘို့ရန်အတွက် အပြစ်မဲ့သော ယေရှုသည် အပြစ်သားကဲ့သို့ လက်ဝါးကားတိုင်ပေါ်မှာ အသေသတ်ခြင်း ခံခဲ့ရသည်။ ဤလက်ဝါးကားတိုင်ပေါ် ယေရှုခရစ်တော်
ပြုခဲ့သော အပြစ်ဖြေလွတ်ခြင်း ဆိုင်ရာယဇ်နဲ့ပတ်သက်၍ ခရစ်ယာန်သမိုင်းတွင် သီအိုရီယူဆချက် အမျိုးမျိုး ပေါ်ပေါက်ခဲ့ပါသည်။ ဤယူဆချက်အချို့ကို အောက်ပါအတိုင်း အကျဉ်းချူပ်တင်ပြ အပ်ပါသည်။
၁။ ပြစ်ကြွေးဆပ်ခြင်း သီအိုရီ (The Ransom Theory) ဤသီအိုရီ၏ခံယူချက်အရ – ကဗ္ဘာပေါ်ရှိလူသားအပေါင်းတို့သည် အပြစ်၏ကျေးကျွန်များအဖြစ်၊ စာတန်၏ ချည်နှောင်ခြင်းကိုခံခဲ့ကြသည်။ ထိုစာတန်၏ချည်နာင်ခြင်းမှ ရွေးနုတ်ဘို့ရန်အတွက် ဘုရားသခင်သည် မိမိ၏သားတော်ယေရှုကို စာတန်အားပေးအပ်ခဲ့သည်။ ထို့ကြောင့် အပြစ်မဲ့သောသခင်ယေရှုသည်လက်ဝါးကားတိုင်မှာ လောကသားများ၏ပြစ်ကြွေးကို ဆပ်ဘို့ရန် အသေခံခဲ့သည်။(ကိုးကားသောကျမ်း – မသဲ ၂၀း၂၈၊ မာကု ၁၀း၄၅) Read more…



နှစ်ခြင်းမင်္ဂလာ

Simple Baptism Scene green river

“နှစ်ခြင်းမင်္ဂလာနှင့်ပတ်သက်၍ ယနေ့အသင်းတော်များတွင် ကွဲပြားမှားယွင်းသော ခံယူချက်များနှင့် ကျင့်သုံးမှုများ ရှိနေပါသည်။ ထို့ကြောင့် နှစ်ခြင်းမင်္ဂလာ၏ အနက်အဓိပ္ဗါယ်မှန်ကို သမ္မာကျမ်းစာတွင် အဖြေရှာရန် လိုအပ်ပါသည်။ သို့မှသာ အမှားကိုပြင်ပြီး အမှန်ကိုစောင့်ထိန်းနိုင်မည်ဖြစ်ပါသည်။” နှစ်ခြင်းမင်္ဂလာနှင့် ပတ်သက်၍ မှားယွင်းသောအယူအဆများ၊ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ကယ်တင်ခြင်းရရှိဘို့ရန်အတွက် မဟုတ်ပါ၊ ပွဲတော်စားနိုင်ခွင့် လက်မှတ်လည်း မဟုတ်ပါ၊ လက်ထပ်ထိန်းမြားမင်္ဂ လာပြုရန် ခွင့်ပြုချက်လည်း မဟုတ်ပါ၊ အသင်းဝင်ခွင့် ထောက်ခံစာလည်း မဟုတ်ပါ၊ ယုံကြည်သူတို့၏ ဝိညာဉ်ရင့်ကျက်မှုအသက်တာကို အာမခံချက်ပေးခြင်းလည်း မဟုတ်ပါ။

ဒါဆိုရင် နှစ်ခြင်းမင်္ဂလာရဲ့ အနက်အဓိပ္ဗါယ်ဟာ ဘာလဲ။ နှစ်ခြင်းမင်္ဂလာခံယူခြင်းဆိုသည်မှာ – ရေထဲနှစ်ခြင်းခံသည့်အခါ ခရစ်တော်နှင့်အတူ အသေခံခြင်းနှင့်သင်္ဂြိုဟ်ခြင်းကို ဖေါ်ဆောင်ပြီး၊ ရေထဲမှထွက်ပေါ်လာသည့်အခါ
ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ပြီဖြစ်ကြောင်း ပုံဆောင်ပါတယ် (ရောမ ၆း၃-၅)။ ထို့ကြောင့် နှစ်ခြင်းမင်္ဂလာက ခရစ်တော်၏ သေခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခြင်းဖြစ်ပါ
သည်။ ဤအချက်ကိုထောက်ခြင်းအားဖြင့်၊ နှစ်ခြင်းမင်္ဂလာသည် ကယ်တင်ခြင်းအတွက်မဟုတ်ဘဲ၊
 


အသင်းတော်၏ ဧည့်ကြိုခြင်းအမှု အရေးကြီးကြောင်း သိကောင်းစရာများ

“နှစ်သစ်မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံကြပါစေလို့ ဦးစွာပထမ အရောက်စီတိုင်းကို နုတ်ခွန်းဆက်သပါတယ်။”
  ဧည့်ဝတ်ကျေပွန်ခြင်းသည် ထာဝရဘုရား၏အလိုတော်ဖြစ်ပြီး၊ ဘုရားသားသမီးတိုင်း ပြုအပ်သောအမှုဖြစ်ကြောင်း သမ္မာကျမ်းစာအားဖြင့် သိရပါသည်။
တရားဟောရာကျမ်း ၁၀း၁၉ နှင့် ဝတ်ပြုရာကျမ်း ၁၉း၃၄ တွင် – “ဧည့်သည်တို့ကို ကိုယ့်အမျိုးသားကဲ့သို့မှတ်၍ ကိုယ်နှင့်အမျှချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ” ဟု ဣသရေလအမျိုးတို့အား ထာဝရဘုရား မိန့်တော်မူခဲ့ကြောင်း ဖေါ်ပြထားပါသည်။

Read more…