လက်ဝါးကားတိုင်သည် ရာဇဝတ်သားများအား သေဒဏ်ပေးသည့်အခါ အသုံးပြုသော အရာဖြစ်ပါသည်။ သို့သော် လောကီသားများ အပြစ်ဖြေလွတ်ခြင်း ရရှိဘို့ရန်အတွက် အပြစ်မဲ့သော ယေရှုသည် အပြစ်သားကဲ့သို့ လက်ဝါးကားတိုင်ပေါ်မှာ အသေသတ်ခြင်း ခံခဲ့ရသည်။ ဤလက်ဝါးကားတိုင်ပေါ် ယေရှုခရစ်တော်
ပြုခဲ့သော အပြစ်ဖြေလွတ်ခြင်း ဆိုင်ရာယဇ်နဲ့ပတ်သက်၍ ခရစ်ယာန်သမိုင်းတွင် သီအိုရီယူဆချက် အမျိုးမျိုး ပေါ်ပေါက်ခဲ့ပါသည်။ ဤယူဆချက်အချို့ကို အောက်ပါအတိုင်း အကျဉ်းချူပ်တင်ပြ အပ်ပါသည်။
၁။ ပြစ်ကြွေးဆပ်ခြင်း သီအိုရီ (The Ransom Theory) ဤသီအိုရီ၏ခံယူချက်အရ – ကဗ္ဘာပေါ်ရှိလူသားအပေါင်းတို့သည် အပြစ်၏ကျေးကျွန်များအဖြစ်၊ စာတန်၏ ချည်နှောင်ခြင်းကိုခံခဲ့ကြသည်။ ထိုစာတန်၏ချည်နာင်ခြင်းမှ ရွေးနုတ်ဘို့ရန်အတွက် ဘုရားသခင်သည် မိမိ၏သားတော်ယေရှုကို စာတန်အားပေးအပ်ခဲ့သည်။ ထို့ကြောင့် အပြစ်မဲ့သောသခင်ယေရှုသည်လက်ဝါးကားတိုင်မှာ လောကသားများ၏ပြစ်ကြွေးကို ဆပ်ဘို့ရန် အသေခံခဲ့သည်။(ကိုးကားသောကျမ်း – မသဲ ၂၀း၂၈၊ မာကု ၁၀း၄၅)၂။ စိတ်ကျေနပ်စေခြင်းအဆို (The Satisfaction Theory) ဤဒုတိယသီအိုရီကို ကင်တာဗျူရီမြို့မှ ဘုန်းတော်ကြီး အင်ဆလင်မ် (Anselm of Canterbury) ၏ယူဆချက်ဖြစ်ပြီး၊ လူသားများ၏အပြစ်အတွက် ခရစ်တော်အသေခံခြင်းသည် ခမည်းတော်ဘုရား၏ စိတ်ကြေနပ်မှုဖြစ်စေသည် ဟူသောယူဆချက်ဖြစ်သည်။ ဤသို့ယူဆရာတွင် အင်ဆလင်မ်သည်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဆိုင်ရာ အမျက်တော်အတွက် ကျေနပ်မှုပေးခြင်းထက် ကြည်ညိုလေးစားမှုကို
ပျက်ပြားစေသော အမျက်တော်အတွက် စိတ်ကြေနပ်မှုဖြစ်ခြင်းကို ပိုမိုအလေးပေးခဲ့သည်။ အကယ်စင်စစ် အပြစ်ဟူသည်မှာ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို မသိမှတ်ဘဲကြည်ညိုလေးစားမှု မပေးခြင်းနှင့် (ရောမ ၁း၂၁)၊ အသရေပျက်ခြင်းတို့ဖြစ်သည် (ရောမ ၃း၂၃)။ ထို့ကြောင့် အပြစ်ဖြေလွတ်ခြင်း မှန်လျင်
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်နာမတော်အား ကြည်ညိုလေးစားခြင်းတို့ကို ပေါ်လွင်စေသော လုပ်ဆောင်မှုနှစ်ရပ် ပါရှိရမည်။ ခရစ်တော်သည် အပြစ်သားများကိုယ်စား လက်ဝါးကားတိုင်မှာ အသေသတ်ခံခြင်းဖြင့်ဘုရားသခင်သည် ဖြောင့်မတ်ေ တ်ာမူသောဘုရား ဖြစ်ကြောင်းနှင့် တရားမျှတသော ဘုရားဖြစ်ကြောင်း
ပေါ်လွင်စေသောကြောင့် ခမည်းတော်ဘုရား၏ စိတ်ကျေနပ်မှုကို ပေးနိုင်ခဲ့ပါသည်။ (ရောမ ၃း၂၆)
၃။ ကိုယ်ကျင့်တရားဆိုင်ရာ လွှမ်းမိုးမှုပေးခြင်းခံယူချက် (The Moral Influence Theory): ဤသီအိုရီကို ပီတာ အာဗေလတ် က၁၂၇ာစုမှာ ဖေါ်ထုတ်ခဲ့ပြီး၊
နောက်ပိုင်းတွင် အချို့သော လီဗရယ် ဆရာကြီးများ (Liberal Theologians) ကလည်း ထောက်ခံလာခဲ့ကြသည်။ ဤသီအိုရီ၏အဆိုမှာ – ဘုရားသခင်သည်
အပြစ်ရှိသောလူသားများနင့်မိဿဟာယဖွဲ့ ရန် မိမိမတတ်နိုင်သော အဟန့်အတား ဘာမှမရှိပါ။ ခရစ်တော်လက်ဝါးကားတိုင်မှာအသေခံခြင်းသည် လောက သားများအားလုံးကိုယ်စား အသေခံခြင်း ဆိုတာထက် ခရစ်ယာန်များအား ကောင်းသောကိုယ်ကျင့်တရားနှင့် မေတ္တာတရားထားရှိပြီး၊ ထိုအရာများအတွက်
အနစ်နာခံခြင်းနှင့်ဆက်ကပ်ခြင်းအသက်တာနှင့်အသက်ရှင် နိုင်ဘို့ရန်အတွက် ကောင်းသောစံနမူနာကို ပြခြင်းသာဖြစ်သည်ဟူသော ယူဆချက်ဖြစ်ပါသည်။
ဤယူဆချက်အရ ခရစ်တော် အသေခံခြင်းသည် လူသားအားလုံးအတွက် ကောင်းသောပုံသက်သေနှင့် နမူနာကောင်းကို ပြခဲ့သည် မှန်သော်လည်း၊ ခရစ်တော် လက်ဝါးကားတိုင်မှာ အသေခံခြင်းသည် အပြစ်ကြာင့် ဘုရားသခင်နှင့်ဝေးကွာနေသော လူသားများ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ရန် အဓိက အကြောင်းရင်း ဖြစ်ကြောင်း သမ္မာကျမ်းစာက အတိအလင်းဖော်ပြထားပါသည်။ ရောမ ၅း၁၀-၁၁။
၎။ အစားထိုးအပြစ်ပေးခံခြင်း (Penal Substitution) အထက်ပါသီအိုရီအဆိုသည် သမ္မာကျမ်းစာ၏ သွန်သင်မှုနဲ့အကိုက်ညီဆုံးဖြစ်သည်ဟု ယူဆပါသည်။ ပထမ၊ ဒုတိယ နှင့် တတိယ သီအိုရီများသည်လည်းဘဲ မမှားပါ။
အထိုက်အလျောက် မှန်ကန်မှုရှိပါသည်။ သို့သော် အစားထိုးအသေခံခြင်း သီအိုရီအရ ကျွန်ုပ်တို့၏အပြစ်က ဖြစ်ပေါ်စေသော ဘုရားသခင်၏ အမျက်တော်ကြောင့် ကျွန်ုပ်တို့ခံရမည့်အပြစ်ဒဏ်ကို ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ခံခဲ့ရသည်။
ကျမ်းစာ လာသည်ကား ခရစ်တော်တည်းဟူသော ငါတို့ ပသခါသိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာ ဖြစ်၏။
(၁ ကော ၅း၇၊ ယော ၁း၂၉၊ ကိုးကားရာကျမ်းဟေရှာယ ၅၃း၆)။
ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သော သူကို ငါတို့အတွက်ကြောင့် ပြစ်ရှိသောသူဖြစ်စေတော်မူ၏။ (၂ ကော ၅း၂၁၊ ဂါလာတိ ၃း၁၃၊ ဟေဗြဲ ၂း၁၇)။
ခရစ်တော်၏စုံလင်သော ပေးဆပ်မှုနှင့် ခရစ်တော်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ကျွန်ုပ်တို့သည် အပြစ်ဖြေလွတ်ခြင်းကို ခံရပြီး၊ ဘုရားသခင်နှင့်လည်း ပြန်
လည်သင့်မြတ်စေပါသည်။ အထက်ပါ အပြစ်ဖြေလွတ်ခြင်းဆိုင်ရာ သီအိုရီယူဆချက်အမျိုးမျိုးတို့ကို ပြန်လည်သုံးသပ်လျင်၊ ယေရှုခရစ်တော် လက်ဝါးကားတိုင်ပေါ် အသေခံခြင်းသည် ကျွန်ုပ်တို့၏အပြစ်ကျေးကျွန်မှ ကယ်နုတ်ဘို့ရန် ကျွန်ုပ်တို့ကိုယ်စား အသေခံခြင်းမှန်သော်လည်း၊ အဓိကအချက်မှာ ကျွန်ုပ်တို့အား အပြစ်မှ
ရွေးနုတ်ခြင်းသည် (သို့မဟုတ်) ကျွန်ုပ်တို့၏အပြစ်ကြွေးကို ကျွန်ုပ်တို့ကိုယ်စား ဆပ်ပေးခြင်းသည် စာတန်လက်ထဲမှမဟုတ်ဘဲ ထာဝရဘုရား၏ လက်တော်ထဲမှ